Wednesday, December 30, 2015

#Beacon မှာ ပြိုင်ပွဲဝင်ထားတဲ့ စာမူလေးပါ
~~~~~~~~~~~📃📃📄📃📃📃
💜💜💜ထီးကလေ:💜💜💜

အခန်း(၁)
" မမ ဆုမေ ကျောင်းက စာအုပ်ဖိုးပေးရမယ်တဲ့"
ဆုမေ က မရဲတရဲ ပြောရင်း အမရှေ့မှာ ခေါင်းလေး ငုပ်ထားတယ်၊၊နက်ဖြန်ဈေးမှာ ပြန်ရောင်းဖို့ ကန်စွန်းရွက်တွေပြန်စည်းနေရင်းက အေးကြည်မ တယောက်
သက်ပြင်း မသိမသာချလိုက်တယ်၊၊
"အင်းးးးးးး ဘယ်လောက်လဲ"
အေးကြည်မ က ဘေးနားက ပိုက်ဆံအိတ်ပါးလေးထဲ ပိုက်ဆံ ယူရင်းမေးတော့
"၅၀၀ မမ"တဲ့
ဆုမေကို နှစ်ရာတန် နှစ်ရွက် နဲ့တစ်ရာတန် တစ်ရွက်ပေးလိုက်တယ်၊၊ ဆုမေ မျက်နာလေး ဝင်းပသွားတယ်၊၊
"မမကို ရေတခွက်ခပ်ပေး ဆုမေ"
လို့ပြောတော့ "ဟုတ်ကဲ့"ဆိုပြီး ဆုမေ အိမ်နောက်ဖေး ကို ပြေးသွားသည်၊၊
အေးကြည်မ ညီမလေးဆုမေ ကိုကြည့်ပြီး မျက်ရည်ဝိုင်းချင်လာတယ်၊၊ အဖေ နဲ့ အမေရှိတုန်းက အေးကြည်မ တို့ဒီလိုဘယ်ဟုတ်မလဲ၊၊ မရှိပေမဲ့ မရှားတဲ့အစား ထဲကလေ၊၊ အဖေက ရွာက ဆီစက်ကို လူငှား နဲ့ ထားတယ်၊၊ ဆီစက်က ရတဲ့ငွေလေးရယ် အမေ ထမင်းဆိုင်က ရတဲ့ငွေလေး ရယ် က အေးကြည်မ တို့ မတောင့်မတပဲ နေလာခဲ့ကြတာ၊၊အဖေ နဲ့အမေ ရုတ်တရက် ကားမှေက်ပြီးဆုံးတော့ အေးကြည်မ က ရှစ်တန်း ညီမလေးဆုမေက ကျောင်းတောင်မတက်ရသေးဘူး၊၊ အလတ်ကောင် ဖိုးသားက ငါးတန်း တက်နေတုန်း၊၊ ရွာက အဘိုးနေမကောင်းတော့ အဖေနဲ့အမေ ရွာခနပြန်ကြတာ ရွာကနေ မြို့ပြန်အလာမှာ နှစ်ယောက်စလုံး ကားမှောက်ပြီး ဆုံးတယ်၊၊အဲတုန်းက ညီမလေး ဆုမေက မေမေ မေမေကို ခေါ်ပေး ဆိုရင် အေးကြည်မ မျက်ရည် ကျရတယ်၊၊ အဖေနဲ့အမေ သတင်းကြားတော့ အဘိုးက သူ့ကြောင့်ဆိုတဲ့စိတ် စွဲသွားတယ်၊၊ အဲစိတ်နဲ့ နောက်နှစ်လျလောက်နေတော့ အဘိုး ဆုံးတယ်၊၊ ရွာက ဒေါ်လေး တယောက်က အေးကြည်မ တို့ ကို စောင့်ရှောက်ဖို့ ဆိုပြီး အေးကြည်မ တို့နှင့် အတူလာနေတယ်၊၊ အမေတို့ရှိစဉ်က အိမ်ကို တစ်နစ်နေ တခါအလည်မရောက်တဲ့ ဒေါ်လေးက အေးကြည်မတို့နဲ့ ရုတ်တရက်လာနေမယ်ဆိုတော့ ဘာလို့မှန်း ပထမ သဘောမပေါက်ခဲ့ဘူး၊၊
ဒေါ်လေးက ရွာမှာ မနေပဲ အေးကြည်မ တို့ဆီ ဘာလို့လာနေလဲ ဆိုတာကို ဆီစက်တခုလုံး ဒေါ်လေး တူ သာဒွန်း လက်ထဲရောက်သွားမှ အေးကြည်မ တို့သဘောပေါက်တော့တယ်၊၊ ထမင်းဆိုင်ကြီး ကနေ ထမင်းဆိုင်လေး ဖြစ်လာတော့ ဒေါ်လေးလဲ ရွာပြန်ပြေးတော့တယ်၊၊ အေးကြည်မ လဲ မောင်လေး ညီမလေး တို့ကို ငှဲ့ပြီး ကျောင်းထွက်လိုက်တယ်၊၊ ဆယ်တန်း ဆိုတာကြီးကို ဖြေလဲ အောင်နိုင်မှာ မဟုတ်မှန်းသိတော့ ထွက်လိုက်တာလဲ ပါတယ် ၊၊အလတ်ကောင် ဖိုးသားက နည်းနည်းဆိုးချင်တယ်၊၊ ခုနစ်တန်း ရောက်တော့ ကျောင်းပြေးတက်လာတယ်၊၊ အိမ်သာ ထဲမှာ ဆေးလိပ် ခိုးသောက် တက်လာပြီ၊၊
သားသမီး သုံးယောက်ထဲမှာ သူတယောက် တည်း ယောက်ကျာ်းလေး ပါတော့ အဖေနဲ့အမေ အလိုလိုက်ခဲ့တာတွေက မိဘတွေ မရှိတော့ သူ့ အားငယ်စိတ်ဝင်ပြီး ဆိုးချင်လာတယ်၊၊ တခါတလေ သူရန်ဖြစ်လို့ ကျောင်းမှာ မိဘ ခေါ်လာဖို့မှာရင် အေးကြည်မ မျက်ရည်ကျရတယ်၊၊
ထမင်း ဆိုင်လေးကို လည်းရတဲ့ဈေးနဲ့ရောင်းပြီး အေးကြည်မ တို့ မောင်နှမ သုံးယောက် မြို့အစွန်က ရပ်ကွက် တခုထဲ ပြောင်းလာလိုက်တယ်၊၊ နောက်နေ့ကစပြီး အေးကြည်မ အလုပ်လုပ်တယ်၊၊ မနက်စောစော ဈေးကြီးကိုသွား ဟင်းရွက်တွေ ဝယ် သူတို့နေတဲ့ရပ်ကွက် ဈေးမှာပြန်ရောင်းတယ်၊၊ ဘယ်သူကိုမှ အားမကိုး နေတော့ပဲ ကိုယ့်အားကိုယ်ကိုးဖို့ အေးကြည်မ ဆုံးဖြတ်လိုက်တယ်၊၊ မောင် လေးနဲ့ညီမလေးအတွက် သူကြိုးစားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊၊
အခန်း(၂)
. "လာနော် လာ လတ်တယ် ကန်စွန်းတွေ ချဉ်ပေါင် တွေ ……………"
နေမြင့်လာတော့ ဈေးလေးက လူသိပ်မရှိတော့၊၊ ကုန်လက်ကျန် ဖြတ်ဖို့ ဈေးသည်လေး သုံးလေးယောက် ပဲရှိတော့တယ်၊၊
အေးကြည်မ လဲ လက်ကျန်ကုန်တွေ ဖြတ်ဖို့ တစာစာ အော်ရောင်းနေတုန်း ဘေးနားက ဘဲဥသည် မမစိန်က "ဟဲ့ အေးကြည်မ နင့်မောင် ကိုဂိမ်းဆိုင် မှာ တွေ့တယ် မနက်က ကျောင်းပြေးပြန်ပြီလား"
အေးကြည်မ ဟင်းရွက်တွေပေါ်ရေ တောက်ရင်း
" မသိတော့ပါဘူး မမစိန်ရယ် ဒင်းကို စိတ်ကုန်လာပြီ မောင် တယောက်အားကိုးရမလားမှတ်တယ် ဒင်းက ဇ နဲ့လေ မောပါတယ်၊"
"အေးအေး သိပ်လဲမဆူပါနဲ့ဟယ် ဒီ အရွယ်က ထွက်ပေါက်ရှာ တက်ကြတဲ့အရွယ်"
အေးကြည်မ "အင်းးးး"လို့ပြောရင်း မမစိန်ဆိုင်ဘက် လှမ်းကြည့်တော့ ဘဲဥ တွေပေါ်မှာ ယင်ကောင် တွေနားနေလေရဲ့၊၊
နေ့လည်စာ ဘဲဥ ဖောက်ချက်လေး စားရရင် ကောင်းမယ်လို့ အေးကြည်မ တွေးမိတယ်၊၊
အခန်း(၃)
ဈေးကပြန်လာတော့ ညနေစောင်းနေပြီ၊၊ တကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတာနဲ့ ရေနွေး လေးနဲ့ ငန်းဆေးလေး သောက်လိုက်တယ်၊၊တမှေးလောက် မှေးချင်ပေမဲ့ ညနေစာ ချက်ဖို့ လုပ်ရပြန်တယ်၊၊
ကြက်သွေးလေးကို နံနံပင်အုပ်ပြီး ချက်လိုက်တယ်၊၊ အလတ်ကောင်က ကြက်သွေးမစားတော့ သူ့အတွက် ဘဲဥတလုံးကြော်တယ်၊၊ မနေ့က ကျန်တဲ့ငပိရည် လေးကို ရေနွေး နည်းနည်း ရောပြီး ပြန်ကျိုူလိုက်တယ်၊၊ နောက်နေ့ ကြမှ ပုစွန်ခြောက်မူန့် လေးဝယ်ပြီး ငပိရည် ပြစ်ပြစ်လေးကျိုရမယ်၊၊ အလတ်ကောင်က ငပိရည်ကျိုလေး များ ကောင်းကောင်းလေး လုပ်ထားရင် ဟင်းမလိုဘူး၊၊
"မမရေ မမ"
ဟော အိမ်ရှေ့က အသံကြားတယ်၊၊ ညီမလေး ဆုမေ လာပြီနဲ့တူတယ်၊၊
::::::::
" မကြီး မုန့်ဖိုး " တဲ့
အလတ်ကောင် မျက်နှာက ခပ်မူန်မူန်၊ အေးကြည်မ အိတ်လေးထဲက နှစ်ရာတန်လေး တစ်ရွက်ပေးတော့ နူတ်ခမ်းဆူချင်တယ်၊၊ "ဟိုနေ့က ငါးရာ ကုန်သွားပြီလား "မေးတော့ ဘာမှမပြောပဲ လည့်ထွက်သွားတယ်၊၊
"အေးးကြည် ဟေ့ အေးကြည်………"
အိမ်ရှေ့က မိမြင့် အသံကြားတော့ အေးကြည်မ အဝတ်လျှော်နေရာက အသံပြု လိုက်တယ်၊၊
"ငါ ဒီမှာ ဟေ့ နောက်ဖေးမှာ …ဝင်ခဲ့ အမြင့်"
. "နင် ဟိုတလောက ဂျာနယ် ရောင်းချင်တယ်ဆို အဲဒါရောင်းမလားလာမေးတာ"
အမြင့်က အေးကြည်မ ဘေးနားခုံလေးဆွဲပြီး ဝင်ထိုင်တယ်၊၊
"ဟေ ဟုတ်လား ဘယ်နားရောင်းရမှာလဲ "
. "မီးပွိုင့် မှာ လည်ရောင်းရမှဟာ"
အခန်း(၄)
"အလင်းတန်းရမယ် သတင်းစာရမယ် ပြည်မြန်မာရမယ်……………"
နေက ပူ ၊ ကားတွေက များနဲ့ အေးကြည်မ ခေါင်းမူးလာတယ်၊၊ ကားများလို့ ဂျာနယ်ရောင်းရမှာ မို့ ပျော်ပေမဲ့ ကားကြားမှာ ပြေးရောင်းနေရတာ စိတ်ညစ်လာတယ်၊၊ တချောင်းတည်းသော ထီးလေးက အရွက်တွေ ပြဲပြီး မိုးရွာထဲ ဆောင်းရင် တောင် မျက်နှာမက တကိုယ်လုံးပါရွဲ ရွဲစိုကုန်တာမို့ အိမ်မှာ အနားပေးထားရကြာပြီ၊၊ သနပ်ခါး ထူထူလေးလိမ်းပြီး အကျီင်္ လက်ရှည် နစ်ထပ်ဝတ်ထားလို့ ပိုပြီး စိတ်ပန်းလာတယ်၊၊
ကားလေးတွေ ပေါ်မှာ အဲယားကွန်းဖွင့်ပြီး မောင်းသွားတဲ့ ကောင်မလေးတွေကို တွေ့ရင် အေးကြည်မ အားကျပြီး ငေးငေးကြည့်ရတာ အမော၊၊
" ကြေးမုံ ရမယ် ကြေးမုံ …………"
. ဒီနေ့မှ ကားက အတော်နည်းတယ်၊၊ ဂျာနယ်ရောင်းရတာ တပတ်လောက်ရှီတော့ အလုပ်က လူကိုသင်လာတယ်၊၊ ကားတွေနားကပ်သွားပေမဲ့ ဝယ်မယ့်ကား မဝယ်မယ့်ကားခွဲခြားတက်လာတယ်၊၊ အချို့ကားတွေက မီးပွိုင့် မိတုန်း ဂျာနယ် ဝယ်မလို နဲ့ တကယ်တမ်းကြ ခနလေးယူကြည့်ကြတယ်၊၊ ဒီလို ကားမျိုးဆို အေးကြည်မ ခြေတောက်နာတာပဲ အဖတ်တင်တယ်၊၊
ကားတစီးက သူလှမ်းကြည့်နေတာနဲ့ မီးပွိုင့်မိတုန်း သူအပြေးသွားလိုက်တယ်၊
ကားလေးက အနီရောင်ရဲရဲလေး၊၊
" eleven အသစ်ထွက်တယ် ပြည်ပြန်မာ ပါတယ်……………………အကုန်ရတယ်နော်"
လို့ပြောလဲပြော ဂျာနယ်တွေကို လက်တဖက်ကလဲ မြောက်ပြနေလိုက်တယ်၊၊
"eleven တစောင်ပေးပါ ……"ဆိုပြီး ကားလေးထဲက လက်လေးတဖက်ထွက်လာတယ်၊၊
"ဟုတ်ကဲ့ "ဆိုပြီး သူဂျာနယ် လှမ်းပေးလိုက်တယ်၊၊
ကားနီလေးရဲ့ မှန်လေးရုတ်တရက် လျောကြပြီး နောက်ခန်းက ကားမှန်လေးပွင့်လာတယ်၊၊ သူလမ်းကြည့်လိုက်တော့ ……………………………၊၊
အခန်း(၅)
တညနေလုံး အလုပ်တွေ လုပ်နေရပေမဲ့ စိတ်ထဲ တထင့်ထင့် နဲ့ ၊၊ နေ့လည်တုန်းက ကားနီလေး နောက်မှာ အလတ်ကောင် ကို ရုတ်တရက် တွေ့ရတော့ အေးကြည်မ ဒေါသထွက်သွားတယ်၊၊ ပြီးစိတ်ပူလာတယ်၊၊ ဘယ်သူတွေ နဲ့ ဘာတွေလုပ် ဘာတွေဖြစ်နေမလဲ ဆိုပြီး၊၊ နေ့လည်က ကားလေး ပေါ်မှာ အလတ်ကောင် ကိုတွေ့တော့ ခေါ်မလို့လုပ်တုန်း ကားလေးက ထွက်သွားတယ်၊၊ သူလဲ ကိုယ်ကို မြင်လိုက်တဲ့ပုံ ၊ အမကို ရင်မဆိုင်ရဲလို့ အိမ်မပြန်လာသေးတာလား လို့ တွေးပူလာတယ်၊၊
ဆုမေ လေးတောင် ကျောင်းကပြန်ရောက်လို့ ရေမိုးချိုးပြီး စာလုပ်နေပြီ၊၊
အလတ်ကောင် မဟုတ်တာတွေ လုပ်နေပြီအမေရေ လို့ အမေ ကို အော်ပြီးတိုင်ပစ်လိုက်ချင်လာတယ်၊၊
…………
.. ညမှောင်ခါနီး မှ အလတ်ကောင် ပြန်ရောက်လာတယ်၊၊ အိမ်ဝမှာ ထိုင်စောင့်နေတဲ့ အမကို လည့်မကြည့်ပဲ အိမ်ထဲ ဝင်ဖို့လုပ်တယ်၊၊
"အလတ်ကောင်"
လို့ ခေါ်တော့ လည့်ကြည့်တယ်၊၊ မျက်နာချင်း မဆိုင်ရဲလို့ ခေါင်းငုပ်ထားတယ်၊၊
"နင် ဒီနေ့ကျောင်းမတက်ပဲ နေ့လည်က ဘယ်သူတွေနဲ့ ဘယ်သွားတာလဲ ပြောစမ်း"
မဖြေပဲ ခေါင်းပဲငုပ်ထားတယ်၊၊
"အလတ်ကောင် မကြားဘူးလား "ဆိုမှ
"ရေကူးကန် သူငယ်ချင်းတွေနဲ့" လို့ မပွင့်တပွင့်ဖြေတယ်၊၊
ခေါင်းငုံထားပေမဲ့ အလတ်ကောင် မျက်ရည်တွေ ဝဲနေမယ်ဆိုတာ အေးကြည်မ သိနေတယ်၊၊
အေးကြည်မ အလတ်ကောင်ကို ဆူဖို့အားခဲထားပေမဲ့ တကယ်တမ်း သူမျက်ရည်ကြတာ မြင်တော့ မဆူရက်တော့ ၊၊ အမေတို့ ရှိတည်းက သူကို အေးကြည်မ အချစ်ပိုတာ သူပဲသိတယ်၊၊ ဆုမေလေးက အငယ်ဆုံးလေးပေမဲ့ သူနဲ့သုံးနစ်လောက်ပဲခြားတဲ့ အလတ်ကောင် ကို သူပိုချစ်တယ်၊၊
၊၊ အေးကြည်မ ကိုယ်တိုင်မျက်ရည် တွေဝိုင်းလာတယ်၊၊
"ငါ့မှာတော့ နင်တို့ အတွက် နေပူထဲ မှာ ခြေတိုအောင် လုပ်ပြီး နင်တို့ အတွက် နင်တို့ အတွက်………………"
အေးကြည်မ မျက်ရည်တွေကြပြီး ပြောမထွက်တော့၊၊
"ငါလေ ငါ ကိုယ်ငါတောင် ခြွေတာတယ် ငါ့မောင်လေး ငါ့ညီမလေးအတွက် ဆိုပြီး သူများတွေ အိပ်နေတဲ့အချိန်မှာတောင် ငါမနားဘူး ၊၊ ရသလောက်အလုပ်လုပ်တယ်၊၊ နင်တို့ မှာ ငါတယောက်ပဲရှိတာ ငါပဲ အကုန်လုပ်ပေးရမယ် ဆိုပြီး အတွေးနဲ့ငါကြိုးစားတယ်၊၊
ကားခ သက်သာအောင် ဆိုပြီး ပစ္စည်းတွေပါလဲ ငါလမ်းပဲ လျှောက်တာ နင်တို့ဘဝ မှာလမ်းမလျောက်ရပဲ ကားစီးနိုင်အောင်ဟ၊၊
နင်တို့ ပညာရေးအတွက် ငါအခု ရိုးသားတဲ့အလုပ်ဆို အကုန်လုပ်တယ်၊၊ နင်တို့ ပညာတက်မှ နင်တို့ ဘဝ တက်လမ်းနင်တို့ လျောက်နိုင်မှာ ၊ ငါ အပင်ခံတာတွေ အကုန်လုံးဟာ နင်တို့အတွက်ပဲ ဆိုတာ နားလည်ပေးပါဟာ ၊ တချက်လောက်နားလည်ပေးပါ၊၊ "
အေးကြည်မ မျက်ရည်တွေ ကျပြီး စိတ်ထဲရှိတာ အကုန်ပြောနေမိတယ်၊၊ အလတ်ကောင်လဲ တရူံရူံနဲ့ ငိုနေတယ်၊၊ ဆုမေလေးလဲ သူ့အနားရောက်လာပြီး မျက်ရည်တွေဝဲနေတယ်၊၊ " ငါတခါတလေ နေမကောင်းဖြစ်ရင် တောင် မနားဘူး၊ရသလောက်လုပ်တယ်၊၊ ငါ့မောင် ငါ့ညီမ ဆရာဝန် ဆရာဝန်မကြီးတွေဖြစ်မှ ငါ့ ကိုကုပေးမဟဲ့ အဲတော့မှ နားတော့မယ် ဆိုပြီး အမြဲ တွေးတယ် သိလား အဖေ နဲ့အမေ ရှိတုန်းကလို အခြေအနေ မျိုးမဟုတ်လို့ နင်တို့ ရှက်နေကြလား ၊၊ ငါကြိုးစားပါ့မယ်ဟာ ငါကြိုးစားမယ် အဖေ နဲ့ အမေ မရှိလို့ နင်တို့ဘဝ ကို အရိပ်ပေးနိုင်မယ့်သူမရှိဘူးလို့ တွေးနေကြလား နင်တို့အတွက် တသက်လုံး အရိပ်မိုးပေးမယ့် ထီးလေး တချောင်းရှီနေပါသေးတယ်ဟာ ၊ နင်တို့ကိုငါ တသက်လုံး ထီးလေးလို အရိပ် ပေးပြီး နေပါမယ်၊ အရိပ်လေးထဲမှာ နင်တို့ တွေ အေးချမ်းစွာ နေလို့ရပါတယ် နေလို့ရပါတယ်"
အလတ်ကောင်က မကြီး ဆိုပြီး လာဖက်တယ်၊၊ အေးကြည်မ အလတ်ကောင်ကို ပြန်ဖက်တော့ ရင်ခွင်ထဲမှာ တရူံရူံနဲ့ငိုနေတယ်၊၊ ဆုမေလေးက အေးကြည်မ ပါး ပေါ်က မျက်ရည်စတွေကို လက်လေးနဲ့လာသုတ်ပေးတယ်၊၊
ကျွန်မလေ ကျွန်မ တသက်လုံး သူတို့လေးတွေအတွက် ထီးလေးလုပ်ပေးရလဲ ကျွန်မ ကျေနပ်ပါတယ်၊၊ အဲထီးလေးက ထီးအရွက်တွေပြဲ လို့ ယိုင်နဲ့နေပါစေ သူတို့အတွက် ခွန်အားရှိသလောက် အရိပ်ကလေးအဖြစ် နေပေးနေမှာပါ ၊၊
ထာဝရ နေပေးနေမှာပါ၊၊🌴🌲👰

👰👰👰နတ်ဖွတ်ထားတဲ့တစ္ဆေ
ငါ့အသက်ရှုနေလားး
ဝင်သက်ထွက်သက်က
ပါးပါးလေးပဲ
သွေးကြောတွေခုန်နေသံကြားနေရတယ်
ဖြူဆုတ်နေတဲ့ လက်အစုံက
တရွှေ့ရွှေ့နဲ့
ငါ့လည်ပင်းပေ့်ါ တက်လာတယ်
ဖယ်ဖို့လား ဟင့်အင်းးး
ဖယ်လိုက်လေ ဟင့်အင်းးးး
လက်အစုံက
ငါ့လည်ပင်းကို ဝါးမြိုမှအားမှရှိပါလေစ
ဖြူဖတ်ဖတ်လက်ဖဝ့ါးက တဆင့်
ငါ့လည်ကို နူးညံတဲ့အတွေ့လာ၇တယ်
နင် နင် ရှေ့မတ်ုးနဲ့ ရှေ့မတိုးနဲ့
ဒိအခ်ျန်ါလေး ငါခနငှားလို့၇မလား
အသက်ရှု၇ပ်သွား၇၇င် တောင်
ဒိအတွေ့လေး ငါဖွတ်ယူသွားပါရစေ👰👰👰

ခလေးရယ်
ဒိစခန်း ဒီလမ်းမှာ ပန်းတွေ ဝေနေပြိ
တူတူလျှောက်ပါလို့ 
နွမ်းအကြွေ
ပန်းခရေကောက်ချင်ရဲ့ 
ဖြေမပြေ
မောင့်ရင်မှာ မချိလေတော့
မနက်ဖြန်
မနက်ဖြန်
ဖြစ်လာလိမ့်မယ်လို့ 
မြင်ယောင်ကာ ရှေ့ ခရီးကို
တမ်းတ မျော်မှန်း ။

ခတ်မီတဲ့ တော
Login မှာ ကြာ ...
သုံးချိန်မှာ နှေး ....
LogOut ရင် မြန်မြန်လေးမို့
Connection ရေ ....
ကောင်း စေချင်သေး ....။
Connection နှေးနေလို့
တွေးနေတဲ့ စိတ်အစဉ်
Login ၀င်လာပြန်တော့
ပြုံးပျော်လို့ရွင်၊
သိပ်မကြာခင်
ကြိုက်တာပင် ၀င်မကြည့်အားသေးပါဘူး ....
"ဖျတ်" ခနဲဆို မီးကပျက်
စိတ်တိုရခက် ....။
တစ်ဖက်က မောင်တော်ူ
စိတ်တော် မငြူစူလိုက်ပါနဲ့
....။
မီး စောင့်ရင်း အတွေးဝင်လာ
ဖုန်းဆက်ကာ တောင်းပန်ရမှာမို့
မောင်တော်ဆီ ဖုန်းခေါ်လိုက်ခါမှ
ဧရိယာပြင်ပ ။

Gtalk ကို အပြစ်မမြင်၊
Facebook ကို အပြစ်မပြော၊
တစ်ခါတစ်ခါ စိတ်မှာ မောမိတယ်
ခေတ်မီ တဲ့ တော ....။

💘💘💘💘💘💘💘💘
💟💟💟💟💟💟💟💟
တယောက်တည်းဆို ကဗျာရေးတယ်
ကဗျာက အဖော်
ကဗျာက သူယ်ချင်း
ကဗျာက မိတ်ဆွေ
ကဗျာက မိသားစု
ကဗျာက ဒိုင်ယာရီ
ကဗျာက _..-?
ကဗျာ.-)
ကဗျာက---.?
ထို့ကြောင့်
မပျော်လဲ ကဗျာရေး၏
ပျော်လဲ ကဗျာရေး၏
အကျိုးအကြောင်းဆင်ခြင်ဖို ကဗျာရေး၏
အကြောင်းသင့်ရင် ကဗျ၁ရေး၏
ကဗျာဒာကြောင်း သိချင်လို့ ကဗျာရေး၏👱👱👱👱👱👱👱👱👱👱👱👱
💁💁💁💁💁💁💁💁💁

အရင်ခတ်က ရုပ်ရုင်တွေ တကယ်ကောင်းတယ် သရုပ်ဆောင်တာသဘဝကျ လွန်းတယ် အခုခတ်က ဇတ်လမ်းက ကြိုတင်သိနေတယ် ၊၊ ပြီး ဇတ်ကားတကား သုံးလေးရက်နဲ့ရိုက်ပြကြတယ်၊၊

ဘယ်သူကိုမှမနာလိုမဖြစ်တတ်ပါ
နေတတ်ရင်အေးဆေးပဲ
ကိုယ့်ဘဝနဲ့ကိုယ်မို့သာ၂ယာ၂ပဲအရာရာကိုဖြတ်သန်းပါတယ်
အာရုံလာမစားနဲ့
မာန်လာမတက်နဲ့
အကြီးကြီးတွေလာလုပ်ပြမနေနဲ့မျက်စိနောက်တယ်
Control ,car,credit card စီ၃လုံးပါလည်း$ဂရုမစိုက်ဘူး
ရှင်းလား!
လူတိုင်းပခုံးနှစ်ဖက်ကြားခေါင်းပေါက်တာချည်းဘဲ....
သိပ်ကြီးကျယ်မနေနဲ့
အောက်တန်းကျတဲ့စိတ်ကိုအရင်ကောက်လိုက်ဦး

Tuesday, December 29, 2015

ဟုတ်တာလည်း လုပ်ဖို့ လိုသေးတယ်။
မှန်တာပြောတာပဲဆိုပေမဲ့ မှန်တိုင်းမကောင်း၊
အကျိုးဖြစ်မှ ကောင်းတယ်။
မိတ်ဆွေများဖို့ထက်
မိတ်ကောင်းရှိဖို့က ပိုအဓိကကြပါတယ်။
မျှတစွာ တွေးတတ်သူတွေဟာ
မျှဝေစွာလည်း ခံစားတတ်ကြတယ်။
အသိတရား ရှိချင်ရှိ၊ အသိတရားမရှိရင်တော့
အကြောက်တရား ရှိမှ ကောင်းတယ်။
အတိတ်ဟာ ကုန်လွန်သွားပြီဖြစ်ပေမဲ့
ပျောက်ပျက်သော ဖျောက်ဖျက်၍ရသော အရာတော့ မဟုတ်။
အနာဂါတ်ဟာ မသေချာတဲ့ ၊ ဒါပေမဲ့
အနာဂါတ်ရည်မှန်းချက်တော့ လူတိုင်းထားသင့်တာပဲ မဟုတ်လား။
ကံ ဥာဏ် ၀ီရိယအလျှောက် ပညာ ပစ္စည်း အာဏာ ပါဝါ
အဆင့်အတန်းတွေ ပြောင်းလဲသွားကြပေမဲ့ သူငယ်ချင်းပေါ်ထားတဲ့
မိတ်ဆွေကောင်းတို့ရဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲ မသွားတတ်ကြပါဘူး။
လောကီသုခတိုင်းဟာ ချမ်းသာပါတယ်၊ ဒါပေမဲ့
သောကကြောင့်ဖြစ်တဲ့ ဒုက္ခတော့ ကင်းနိုင်မယ် မထင်ပါဘူး။
“ မက် မော ” ခြင်းတဲ့၊
မက်သူတိုင်း မောနေကြတာ ဓမ္မတာပါပဲ
ပိတ်မိခြင်းးးးးး
ေ၇ွ့လျား နိုင်တဲ့မရွေ့နိုင်သေးတဲ့
အင်ဂျင်သံ မှန်းဆ
ခြောက်သွေ့နေတဲ့ ပေတ၇ာမှာ
လေ မပါတော့
အသက်၇ုတောင်မဝတော့ဘူး
မောပန်းနေတဲ့ အသက်၇ူသံကြားမှာ
နေေ၇ာင် တောင် ပျောက် တော့မယ်
ပေတ၇ာ မှာ လီဗာသံကြမ်းဖို့
ဆုတောင်းး
အစာအိမ်က ဟောင်းလောင်း
ဘာပြောရမလဲಠoಠಠoಠಠoಠ
ကောင်းခြင်းဆိုးခြင်း
ငါ့မသိခြင်းတွေလဲများပြီ
စိတ်ရှုပ်ခြင်းနဲ့ ရပ်ထားတာကြာတော့
လက်ထဲကအကြောရိုင်းတွေက တုံ့ဆိုင်းတုံ့ဆိုင်း
ကဗျာတစ်ပုဒ်က ခေါင်းထဲမှာမရှိ
ခံစားချက်စစ်စစ်တွေထဲ မွှေနှောက်ရင်း
ခင်ဗျားပြောပြောနေတဲ့ အိုင်ဒီယာအောက်တယ်ထင်ရဲ့
ခု ဘာပြောရမလဲ
တက်လာတဲ့ ဒီဆိုဒ်ကြည့်…ကြည့်
ကိုယ့်ကဗျာတွေကပဲ ကိုယ့်ကို သူစိမ်းဆန်ဆန်ကြည့်နေလေရဲ့။ಠoಠಠoಠಠoಠ
💕💔💓💜💛💋❤
သွေးရူးသွေးတန်းလက်အစုံနဲ့
နှုတ်ဆက်ခဲ့ပါတယ် မာယာ
မုသားလွမ်းတဲ့
နှုတ်ခမ်းတွကြား
ဘ၀တွေကခါးသွားရပြီ
ညစ်တေးနေတဲ့
ဆောင်းလေတွေက
မယာပတ်ပျိုးတွေကို အလင်္ကာ
တပုဒ်လိုရေးခြစ်နေပြီ
မျှော်လင့်တာက
ဆက်ရန်မရှိဘူးတဲ့လား
ခိုက်မိတိုင်း
ရင်ဘတ်ထဲကဝေဒနာက
ဆေးမမီတော့ဘူး
Weslite သီချင်းခွေရယ်
လက်ခံထားတဲ့ ဇိတ်အိမ်တခုက
ရိုမန့်တစ် ဆန်နေတယ'
💗💘💝💝💓💔💙

     ဝက်နံရိုး ခေါက်ဆွဲ ပြုတ်လေး ညတည်းက ဗီနီကာ နည်းနည်း နဲ့စိမ်ထားတဲ့ဝက်နံရိုးကို မားမား ခေါက်ဆွဲထုပ် နဲ့ရောပြီးပြုတ် ထားတာ
မရေးမိတဲ့ကဗျာ
နေခြည်နွေးနွေးလေးအောက်မှာ
မောင့် ကိုလွမ်းတယ်
ပန်းဆိုင်လေးရှေ့ ရပ်ရင်း
ပနိးရနံလေး တွေ မွေးရင်း
မောင့်ကိုလွမ်းတယ်
စာသင်ကျောင်းက ခေါင်းလောင်းသံတွေကြား
မောင့်ကိုလွမ်းတယ်
screenကိုငေးရင်း
keyboard ပေါ်လက်တင်
ဘာမှရေးမထွက်
ဘာမှမရေးဖြစ်တော့
မောငိ့ကိုလွမ်းတယ်
မှော်ဝင်ပန်းချီကားး
ဘာမှမရှိတဲ့အခန်းထဲက အသက်ရှုသံ
ဘယ်သူလဲ?
မှိန်မှိန်လေးလင်းနေတဲ့ဖယောင်းတိုင်မီးက
ဘာလို့များ ရေမွေးနံရနေရတာလဲ
ပြတင်းပေါက်မရှိတဲ့ အခန်းက လေအေးတွေဘယ်ကလာနေလဲ
ပန်းချီကားပေါမှာ ပြုံးပြနေတဲ့ကောင်မလေး ပါးခ်ျုင့်က ပိုနက်လာသလိုပဲ
လန့်ပြီးနောက်ဆုတ်မိတော့
ငါ့ခြေတောက်တွေ ဖမ်းဆွဲခံရတဒ်
အားး
ပန်းချီကား ပေါ်က ကောင်မလေးက ငါ့က်ု့လည့်ကြည့်တယ်
သူ့မျက်ဝန်းနက်နကိတွေနဲ့ငါ့ကိုစိုက်ကြည့်နေတယ်
ဘယ်နယ် လေမရပါပဲ ကောင်မလေးရဲ့
ရွှေအိုရောင် ဆံနွယ် တွေ လွင့်ပျံကုန်ရတာလဲ
အားးး
သူ သူ အသက်ရူနေတယ် အသက်ရှုနေတယိ
ကောင်မလေးရဲ့ ဝါနုရောင်အင်္ကျီလေး လူပ်နေတယ်
ဖြူဖွေးပြီး သွယ်လျတဲ့လက်အစုံက
ရှေ့ကို ကမ်းလာတယ်
ဖြူဖွေးနေတဲ့လက်မောင်းသားပေါမှာ သွေးကြောစိမ်းလေးတွေရှက်ဖြာနေတာမြင်လိုက်နတယ်
အားးးးး
ငါ့မျက်လုံးးကို စုံမှိတ်ချလိုက်တယ်
ဒါဟာ
ဒါဟာ
သက်ငြိမ်ပန်းချီကားးပဲလေ